iPhone 13 မှာ in-display fingerprint scanner ပါဝင်လာနိုင်၊ Galaxy Buds Pro အတွက် Anycall case ကို Samsung ပြသ၊ နိုင်ငံတကာ ပရိဘောဂဒီဇိုင်းပြိုင်ပွဲတွင် မြန်မာကျောင်းသားများပါဝင်ရန် ဖိတ်ခေါ်
Manage episode 312754127 series 3244853
လာမယ့်နှစ်နှောင်းပိုင်းမှာ မိတ်ဆက်မယ့် iPhone 13 မှာတော့ အပြောင်းအလဲ ကြီးကြီးမားမား ပါဝင်နိုင်ဖွယ်မရှိပေမယ့် in-display fingerprint ပါမယ်လို့ Bloomberg ကဖော်ပြခဲ့တဲ့အကြောင်း၊ Samsung ဟာ အသစ်မိတ်ဆက်ခဲ့တဲ့ Galaxy Buds Pro နားကြပ်ထည့်နိုင်တဲ့ ၂၀၀၀ ခုနှစ် အစောပိုင်းက ခေတ်စားခဲ့တဲ့ ကုမ္ပဏီရဲ့ Anycall ဖုန်း case ကိုမိတ်ဆက်ခဲ့တဲ့အကြောင်း၊ ဟိုကိုင်းဒိုးပြည်နယ်၊ ဟီဂါရှီခါဝါမြို့မှာ ဗိသုကာပညာရှင် Mr. KUMA Kengo နဲ့အတူ ပူးပေါင်းပြီး နိုင်ငံတကာပရိဘောဂဒီဇိုင်းပြိုင်ပွဲ ကျင်းပမှာဖြစ်ပြီး လျှောက်လွှာတွေကို https://www.kagu-higashikawa.jp/english/မှာ ရယူကာ official@kagu-higashikawa.jp သို့ အီးမေးလ်ပေးပို့လျှောက်ထားနိုင်တဲ့အကြောင်း စတဲ့ ပြည်တွင်း၊ ပြည်ပ နည်းပညာသတင်းတွေကို အင်တာနက်ဂျာနယ် တစ်နေ့တာ သတင်းအသံလွှင့် အစီအစဉ်ရဲ့ဒီနေ့အတွက် အပိုင်းသစ်မှာတင်ဆက်ပေးထားပါတယ်။
224 episoder